မတ္တရာ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက် လက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။ထို့နောက် အမှတ်(၂) စစ်ဗျူဟာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွ စားသုံးခဲ့ကြ သည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အစီရင်ခံ စာအားအတွင်းရေးမှူး စစ်မှုထမ်းဟောင်းမှ ဖတ်ကြားတင်သွင်းခဲ့သည်။ ဆက်လက်၍ နှစ်ပတ်လည်အစီရင်ခံစာအပေါ် အကြံပြုဆွေးနွေးချက်များအပေါ် သဘာပတိမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ် းအနားကို ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်မှု ထမ်းဟောင်းများ တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မန္တလေးတိုင်းဒေသကြီး(စည်ပင်/ပြင်ပ)မှ တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုံးနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင်(၅၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)