ဟင်္သာတ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ်အတွင်း စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းသို့လည်းကောင်း တာငါးဆယ်မြောက်၊ ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း ရောက်ရှိခဲ့ပြီး ကျောင်းများတွင် ခရိုင်/မြို့နယ် ကျန်းမာရေးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုဝန်ထမ်း၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ရေကန်များအတွင်း Abate ဆေးခတ်ခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများအတွင်း ခြင်ဆေးဖျန်းခြင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် တွေ့ဆုံခဲ့ပြီး စာသင်ကျောင်း များပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေး၊ အိုးခွက်များအတွင်း ရေအကြွင်းအကျန်များ မကျန်ရှိစေရေး၊ သွေးလွန်တုပ်ကွေးခြင်ကျားပေါက်ဖွားနိုင်သည့် ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းစေရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
ခရိုင်ပြန်/ဆက် (ဟင်္သာတ)