မြောင်းမြ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့်အတူ ဂုဏ်ထူးရှင်ပေါင်း (၂၃၅)ဦး ပေါ်ထွက်ခဲ့ပြီး အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇၈) ဦးရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၈) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၂) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၃၉) ဦး၊ ရိုးရိုးအောင်မြင်သူ (၄၄၃)ဦး ရှိပြီး စုစုပေါင်း အောင်မြင်သူ ပေါင်း (၆၇၈)ဦးရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ က (၁)၊ အ ထ.က (၂)၊ အ.ထ.က (၆)၊ အ.ထ.က(ပြင်ရွာ) စသည့် စာစစ်ဌာန (၄)ခုတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၀၄၃)ဦး ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲ အောင်မြင်သူ (၆၇၈)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)