တမူး ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုထားသည့် အောင်စာရင်းများကို ယနေ့နံနက် (၆) နာရီကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
တမူးမြို့နယ်ရှိ စာစစ်ဌာနဖြစ်သည့် တမူးစာစစ်ဌာန အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာရင်းရှိကျောင်းသား/ကျောင်းသူ (၂၆၀) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ (၂၁၄) ဦးအနက်မှ (၁၆၅) ဦး အောင်မြင်ခဲ့၍ (၆) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၄၃)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၇၃) ဦးဂုဏ်ထူးထွက်ရှိကာ အောင်ချက်ရာခိုင်နှုန်း (၇၇.၁၀)% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းဇယားများအရ သိရှိရသည်။
အဆိုပါ အောင်စာရင်းများထုတ်ပြန်ရာတွင် အောင်စာရင်းလာရောက်ကြည့်ရှု့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ မိဘများအား အဆင်ပြေစိတ်ချမ်းမြေ့စွာ ကြည့်ရှု့နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးဟန်ရွှေ၊ မြို့နယ်ပညာရေးမှူး ဦးတုတ်ကြည်နှင့် ပညာရေးဝန်ထမ်းများမှ ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရတနာ
တမူးခရိုင် (ပြန်/ဆက်)