မိုင်းခတ်မြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်‌ကြေညာ

မိုင်းခတ် ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံး၌ ထုတ်ပြန်ကြေညာကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းခတ်) စာစစ်ဌာန(၁)ခုတွင် ကျောင်းပြင်ပမှဖြေဆိုသည့် ကျောင်းသားကျောင်းသူ(၂၈)ဦး ဝင်ရောက်ဖြေဆိုရာ(၆)ဦး အောင်မြင်ပြီး (၁)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၂)ဦးရှိ၍ မိုင်းခတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း (၂၁.၄၃%) ရှိကြောင်း မိုင်းခတ်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)