၂၀၂၃ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် ဓနုဖြူမြို့နယ်မှ (၆) ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်(၇၃.၅၂%) ရှိကြောင်းသိရ

ဓနုဖြူ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက် (၇၃.၅၂%) ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျား(၁၈၈)ဦး၊ မ(၃၁၈)ဦး စုစုပေါင်း (၅၀၆) ဦးရှိရာ အောင်မြင်သူဦးရေ ကျား(၁၂၈)ဦး၊ မ(၂၄၄)ဦး စုစုပေါင်း(၃၇၂)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၇၃.၅၂%)ရှိကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဓနုဖြူမြို့နယ်မှ (၆)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၄)ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၅၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၅၀) ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၉၉)ဦးရှိပြီး၊ ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ(၂၉)ဦး၊ အင်္ဂလိပ်စာ(၁)ဦး၊ သင်္ချာ(၄)ဦး၊ ဓါတုဗေဒ(၁၂)ဦး၊ ရူပဗေဒ(၂၂)ဦး၊ ဇီဝဗေဒ(၃၆)ဦး၊ ပထဝီ(၁၁၀)ဦး၊ သမိုင်း(၇၇)ဦး၊ ဘောဂ(၁၃၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ် (ပြန်/ဆက်)