သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးအပြည့်အဝသင်ကြားနိုင်ရေး အလေးနက်ထားဆောင်ရွက်လျက်ရှိရာ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ အခြေခံပညာသရက်နှစ်ခွ(အ-ထ-က)ခွဲ ကျောင်း၌ ကျင်းပခဲ့သည်။

ပလောက်မြို့တွင် တပ်နယ်မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက် အလေးထားဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌ ကျောင်း သူ၊ ကျောင်းသားများ ယဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျောင်းလုံခြုံစေရေးအတွက်တပ်နယ်မှတာဝန်ရှိသူများနှင့်ရဲတပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ဇွန်လ(၈)ရက်နေ့ နေ့လည်(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်၌ တိုင်းရင်းဆေးပညာဖြင့် အဘိုးအဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ရွှေမေတ္တာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ၈၀.၇၅% ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်း ၄ နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ထားကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၆၃.၅၆ ရာခိုင်နှုန်းရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအား ယနေ့နံနက်ပိုင်းက အ.ထ.က(ဂန့်ဂေါ)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ အောင်စာရင်းကပ်၍ ထုတ်ပြန်ကြေညာခဲ့သည်။

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ‌ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာ ဆေးကုသနိုင်ရေးအတွက် တာမိုးညဲမြို့၊ ပြည်သူ့ဆေးရုံးကြီးအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျန်းမာရေးဆေးရုံကြီးများသန့်ရှင်း၍ ပိုးမွှားကင်းစင်မှသာ ရောဂါပြန်ပွားမှုများနှင့်ပတ်ဝန်းကျင် မသန့်ရှင်းမှုမှ ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည့်အလျောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ရှိ မြို့ကျန်းမာရေးဆေးရုံကြီးအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့နံနက်(၈း၃၀)အချိန်က သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက်တိုးဇုန်ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ အထူးအထွက်တိုးဇုန်(B-31) စိုက်ဧက ၄၀၀ ကွင်းသရုပ်ပြပွဲနှင့်မိုး/ မိုးနှောင်ချည် မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက  အောင်သာကျေးရွာအုပ်စု  ကွင်းအမှတ် (၁၇၉၄) တောင်သူဒေါ်ရီရီမြင့်နှင့်ဒေါ်ခင်နှင်းစိုးတို့၏ စိုက်ခင်း၌ ပြုလုပ်ကြောင်း သိရသည်။
Subscribe to