သတင်းများ

မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု များလာသည့် အတွက် ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အခြားကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုအပ်လာပါက အလွယ်တကူ အသုံးပြုနိုင်ရန် စေတနာရှင်၊ အလှူရှင်များ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်‌ဇော်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်တို့သည် ညောင်တုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ‌ရောဂါ စစ်ဆေးရေး
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်‌ဇော်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့  မွန်းလွဲ ၁ နာရီအချိန်ခန့်က ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စုရှိ ပန်တိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့မှ ကြိုဆိုခဲ့ကြပြီး စစ်ဆေးရေးဂိတ်တွင်  ကျန်းမာရေးအဖွဲ့နှင့် ဌာနဆိုင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ တိုင်းအတွင်းဝင်ရောက်လာ သူများကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ပခုက္ကူမြို့၌ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း
Feb 21,2022
ကိုဗစ်-၁၉ ကာလအတွင်း အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းသူများနေ့စဉ် အစားအသောက်နှင့် အာဟာရပြည့်၀ နိုင်စေရေးတို့အတွက် အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ခုနစ် အိမ်တန်းရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ရန်ကင်းမြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 21,2022
ရန်ကုန်တိုင်းသေကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ်ဦစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်အတူ  ဝန်ထမ်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း ၍  အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Feb 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် Sputnik -Light အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးလျှက်ရှိကြောင်းသိရှိရသည်။
မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်အကြောင်း အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ် ပြုလုပ်
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ပါသည်။
သိန္နီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယမန်နေ့ညနေ(၅:၀၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာလှေ မြန်မာ့လက်ရွေးစင်ဟောင်း ဒေါ်စိုးစိုးမော်နှင့် တွေ့ဆုံမေးမြန်း
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ မြန်မာ့လက်ရွေးစင်နိုင်ငံ့ဂုဏ် ဆောင် အပြည်ပြည်ဆိုင်ရာလှေလှော် အားကစားသမားအား ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။