သတင်းများ

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့် ရေးသူဖတ်သူ စာဖတ်ဝိုင်းကျင်းပ
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် ရေးသူ ဖတ်သူ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ် စံပြကွက်များနှင့် အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်
Feb 21,2022
မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုများမြင့်မားလာကာ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်၊ အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအတွင်း Mask Campaign ပြုလုပ်
Feb 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် နန္ဒဝန်ဈေးအတွင်း ယနေ့နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Feb 21,2022
ကိုဗစ်-၁၉ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘောဂသီရိကားဝန်း အတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask Campaign)ပြုလုပ်ဆောင်ရွက်
Feb 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask Campaign) ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေး လိုက်လံနှိုးဆော်
Feb 21,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ စျေးများနှင့် လူစည်ကားရာ နေရာတို့တွင် မွန်/မြန်မာဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။
ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်
Feb 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း ယနေ့နံနက် ၁၀နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကာ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။