ကျောင်းကုန်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ မြန်မာ့လက်ရွေးစင်နိုင်ငံ့ဂုဏ် ဆောင် အပြည်ပြည်ဆိုင်ရာလှေလှော် အားကစားသမားအား ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ အစ်မကြီးရဲ့အမည်လေးနဲ့ အားကစားရဲ့ခေါင်းစဉ်လေးကို ပြောပြပေးပါရှင်။
ဖြေ။ ကျွန်မနာမည်က ဒေါ်စိုးစိုးမော်ပါ၊ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားပါ။
မေး။ အစ်မကြီးအနေနဲ့ လှေလှော်အားကစားကို ရွေးဖြစ်ခဲ့တယ်ဆိုတာ အစ်မကြီးကိုယ် တိုင်စိတ် ဝင်စားလို့လား၊ ဆရာတွေက တွန်းအားပေးလို့ ရွေးဖြစ်ခဲ့တာလားဆိုတာ ရှင်းပြပေးပါ။
ဖြေ။ စိတ်ဝင်စားလို့ပါ၊ ကစားရင်းနဲ့ဝါသနာပါသွားတာပါ။
မေး။ ဒီအားကစားကို ဘယ်အသက်အရွယ်ကစပြီး ကစားဖြစ်ခဲ့တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ကျွန်မ အသက်(၁၈)နှစ်ကနေ စပြီးကစားခဲ့တာပါ။
မေး။ အစ်မကြီးကစားခဲဘတဲ့ ပွဲစဉ်တလျှောက် ဘယ်လိုဆုတံဆိပ်တွေ ရရှိခဲ့ပါသလဲရှင်။
ဖြေ။ ၁၉၉၇ ခုနှစ် တတိယအကြိမ် အမျိုးသားအားကစားပွဲမှာ ရွှေတံဆိပ်(၂)ခုရရှိခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှာ ဝင်ကစားတော့ ငွေရော ကြေးရော နှစ်ခုရရှိခဲ့ပါ တယ်။
မေး။ အစ်မကြီးအနေနဲ့ ဒီလိုဆုတံဆိပ်တွေရရှိခဲ့တာဟာ ကျောင်းကုန်းမြို့နယ် ကိုယ်စားပြု ရရှိခဲ့ တာလားရှင်။
ဖြေ။ ကျောင်းကုန်းမြို့နယ်ကိုယ်စားပြုနဲ့ ရရှိခဲ့တာ ဟုတ်ပါတယ်။
မေး။ အစ်မကြီးစပြီးပြိုင်ခဲ့တဲ့အချိန်မှာဆရာတွေရဲ့အမည်လေးကို သိပါရစေရှင်၊ မှတ်မိသလောက် ပြောပြပေးပါ။
ဖြေ။ တိုင်းဒေသကြီး ရိုးရာလှေမှာ ဆရာဦးလှမျိုးပါ၊ အပြည်ပြည်ဆိုင်ရာ လှေကတော့ဆရာ ဦးမြင့်စိုးနဲ့ ဆရာ ဦးသန်းလွင်တို့ပါ၊ နောက် ရန်ကုန်လှေလှော်အဖွဲ့ချုပ်ရောက်တော့ အဖွဲ့ချုပ် က ဆရာဦးကျော်မြင့်ပါ၊ သူကတော့ နည်းပြချုပ်ပါ။
မေး။ လှေလှော်အားကစားပြိုင်ပွဲမှာ လှေအမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိပါသလဲ။
ဖြေ။ သုံးမျိုးရှိပါတယ်၊ မြန်မာ့ရိုးရာလှေရယ်ကနူးကယက်ရယ်၊ အပြည်ပြည်ဆိုင်ရာ လှေရယ်ပါ၊ ကျွန်မက အပြည်ပြည်ဆိုင်ရာ လှေလှော်တာပါ၊ အဲဒီမှာ မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့တာပါ။
မေး။ လှေလှော်အားကစားပြိုင်ပွဲမှာအား သွန်ခွန်စိုက် လေ့ကျင့်ခဲ့တဲ့ အတွေ့အကြုံလေး တွေကို သိပါရစေရှင်။
ဖြေ။ လေ့ကျင့်တာကတော့ ပင်ပန်းပါတယ်၊ အားကစားတွေအမျိုးအစားအလိုက် လေ့ကျင့်ရတယ် ဆိုတော့ ဝိတ်လည်းမ,ခိုင်းတယ်၊ အပြေးလည်း ပြေးရတယ်၊ နောက် လှေစံချိန်လည်းယူ တယ်၊ စက်နဲ့လည်း လေ့ကျင့်ရတာဆိုတော့ အရမ်းပင်ပန်းပါတယ်။
မေး။ အားကစားနဲ့ ပတ်သက်ပြီးတော့ အစ်မကြီးတို့အနေနဲ့ ဘယ်နိုင်ငံတွေမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ရှိပါသလဲ။
ဖြေ။ ၂၀၀၁ခုနှစ် မလေးရှားဆီးဂိမ်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်၊ တတိယဆုကြေးတံဆိပ် ရရှိခဲ့ပါတယ်၊ အပြည်ပြည်ဆိုင်ရာလှေနဲ့ နှစ်ယောက်တွဲယှဉ်ပြိုင်ရတာပါ။
မေး။ အစ်မကြီး ဘယ်အသက်အရွယ်အထိ လှေလှော်အားကစားကို လေ့ကျင့်ပြိုင်ပွဲဝင်ခဲ့ပါသလဲ။
ဖြေ။ အသက်(၃၅)နှစ်ထိ ပြိုင်ပွဲဝင်ခဲ့ပြီး၊ အသက်(၃၅)နှစ်မှာ အနားယူခဲ့ပါတယ်၊ အဲဒီအသက် အရွယ်မှာ လေ့ကျင့်လို့လည်း အဆင်မပြေတော့ဘူးလေ၊ နောက်တက်လာမယ့်မျိုးဆက်သစ် လေးတွေအတွက် နေရာပေးရမယ်၊ ဒါကြောင့် အနားယူခဲ့တာပါ၊ ယခုအမေနဲ့အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပါတယ်။
ရီရီလွင်(ပြန်/ဆက်)