မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်အကြောင်း အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ် ပြုလုပ်

မိုင်းရယ် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်အကြောင်း အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ အတွင်းတွင် လည်းကောင်း၊ ကျေးရွာများသို့လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်ထိုက်