လေပြင်း ဘေးကြိုတင်ကာကွယ်ရေးစီမံချက်တွင် စတုတ္ထမြောက်အိမ် ထပ်မံဆောက်လုပ်ပေးလျက်ရှိ
Feb 22,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းဦးဆောင်သော နမ့်ယွန်း လူငယ်များပရဟိတအသင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို မိုင်းပုတ်ကျေးရွာ အုပ်စု၊ မိုက်ကန်းကျေးရွာရှိ အလျား၁၅ ပေအနံ၁၂ပေအမြင့် ၁၂ ပေ သွပ်မိုး အုတ်ကာ တမံတလင်းခင်း နေအိမ်အား ယနေ့နံနက် ၈ နာရီက စတင်၍ စတုတ္ထမြောက်အိမ် ထပ်မံဆောက်လုပ်ပေးခဲ့သည်။