သတင်းများ

မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ( Mask Campaign) ပြုလုပ်
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Mask Campaign) ကို လူစည်ကားရာနေရာများ၊ လမ်းဆုံ မီးပွိုင့်များတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီခွဲအချိန်က မြရတနာရပ်ကွက်၊ နဝရတ်လမ်းဆုံနှင့် ရုံးပေါင်းစုံလမ်းဆုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ခရိုင်အဆင့် ပတ်ဝန်ကျင်းထိန်းသိမ်းရေး ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲကျင်းပ
Feb 21,2022
စစ်ကိုင်းမြို့တွင် ခရိုင်အဆင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက နန်းဦးမြို့သစ်ရပ် အရာထမ်းဝန်ထမ်း အိမ်ရာ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ လိုက်လံစစ်ဆေး
Feb 21,2022
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီးဖြစ်၍ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးအန္တရာယ် ဖြစ်ပွားမှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုများမဖြစ်ပွားစေရန်အတွက် ဖေဖော်ဝါရီ ၂၀ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရာဘာမှိုင်းခံရုံများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ကွင်းဆင်း စစ်ဆေးသည်။
ညောင်ဦးမြို့နယ် မြောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
Feb 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြောင်ကျေးရွာ၌ ယနေ့နံနက် ၁၀နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ လူနေအိမ်တစ်လုံး၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ
Feb 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကသာမြို့တော်ခန်းမတွင် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sputink Doses)များဆက်လက်ထိုးနှံပေး
Feb 21,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်နှင့်ဦးတည်အုပ်စုများအလိုက် ဒေသခံ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sputink Doses) များ ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက စတင်၍ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန် ဘုရားကြီးသိမ်၊ ယိုးတရုပ် တိုက်နယ်ဆေးရုံနှင့်ကွန်းတောင်ကျန်းမာရေးဌာနတို့၌ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ပဲခူးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြခရိုင်တွင် လူငယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရေးအတွက် Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာစေရန်အတွက် ရည်ရွယ်၍ လူငယ်လူရွယ် စာပေဝါသနာရှင်များ Youth Club အဖွဲ့ကို ဖိတ်ခေါ်၍ သုတအလင်းမဂ္ဂဇင်း (၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ အမှတ် ၇၀) တွင်ပါရှိသည့် စာရေးဆရာ အောင်နိုင်သူ (ဇွဲကပင်)ရေးသားသည့် “စာဖတ်ခြင်းအနုပညာ” ဆောင်းပါးအား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။