သိန္နီ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ယမန်နေ့ညနေ(၅:၀၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဂုဏ်ပြုဆု၊ ဒိုင်အဖွဲ့ဂုဏ်ပြုဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်း ကစားသမားဆု အကောင်းဆုံးအလယ်တန်းကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း ကစားသမားဆု၊ ပွဲစဉ်တစ် လျှောက်အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးဆုနှင့် ပထမဆုရရှိသော ရပ်ကွက်(၃)အသင်း နှင့် ဒုတိယဆုရရှိသော Old Star အသင်းတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စုမြတ်(သိန္နီ)