ကော့သောင်းမြို့တွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” Billboard များ စိုက်ထူ
Sep 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စက်တင်ဘာ (၁၃) ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း) မှ ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” ဗီနိုင်းပိုစတာ Billboard များစိုက်ထူခြင်းကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ နယ်စပ်ဂိတ်အနီး၊ သီရိမြိုင်ရပ်ကွက်ရှိ (၃) မိုင်အဝေးပြေးကားဝင်းနှင့် ကော့သောင်းမြို့လေဆိပ်တို့တွင် ပြုလုပ်ခဲ့သည်။