လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Feb 22,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့သည် အမှတ်(၂၀)ရပ်ကွက်အတွင်းရှိ အနော်ရထာလမ်းနှင့်အထက(၈)ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။