သတင်းများ

အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ အသက် ၁၂နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့် ကျောင်းသားကျောင်းသူများကို ယမန်နေ့နေ့လည်က အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုး စုရပ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံ ကြက်‌‌ခြေနီအသင်းက မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Feb 22,2022
မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နေ့လည် ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Feb 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ​ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က Russia sponik ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၅၀၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ရုံးဝန်ထမ်းများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေ ခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ဆန်ရိက္ခာများ အခမဲ့ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ် လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ် (၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Feb 22,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ပိတောက်ရွှေဝါရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose သင်္ဃန်းကျွန်းမြို့နယ်တွင် ဆက်လက်ထိုးနှံပေး
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး ခြင်းကို ယမန်နေ့နံနက် ၈နာရီမှ ညနေ ၃နာရီ အချိန်အထိ ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။