သတင်းများ

နိုင်ငံဝန်ထမ်းပင်စင်စား(၅၅၀)ဦးအား ပထမနေ့ ကိုဗစ်စည်းကမ်းများနှင့်အညီ ပင်စင်များ ထုတ်ပေးလျက်ရှိ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင်ကျေးရွာ(၁၁၀) အုပ်စုတွင် နေထိုင်ကြသည့် နိုင်ငံဝန်ထမ်းပင်စင်စားများအား ယမန်နေ့ နံနက် ၇နာရီ အချိန်မှစတင်ကာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များ ထုတ်ပေး လျက်ရှိကြောင်းသိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့၌ နံရံကပ်စာစောင် ဓာတ်ပုံများခင်းကျင်းပြသ
Feb 21,2022
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ တန်းတူပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းအိမ်တွင်းမှုလုပ်ငန်းသင်ကြားခွင့်များ တန်းတူ အခွင့်ရေးရပိုင်ခွင့်များ ဖိနှိပ်ဆက်ဆံခြင်းမရှိစေရေးအတွက် အကာကွယ်ပေးမှုရပိုင်ခွင့်များအား အများပြည်သူများ လေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် ယနေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့၌ နံရံကပ်ဘုတ်တွင် ဓာတ်ပုံ မှတ်တမ်းများနှင့် မှတ်သားဖွယ်ရာများအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ဗီပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကလူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူများအား Covi Shieldဆေးထိုးနှံပေး
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ် တစ်ခါမျှမထိုးနှံရသေး သူများအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်၉နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက စလင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid Shield)များ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
မြဝတီမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ
Feb 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အပြင်မဲကနယ်ကျေးရွာ၊ ကျေးရွာဘုန်းကြီးကျောင်းဝန်းတွင်းတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဦးစီးဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 21,2022
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များနှင့် ပါဝင် လှူဒါန်းခဲ့ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်လတ်မြို့နယ်၏ ကျေးလက်‌ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျွဲကူးခရားရိုးကျေးရွာအုပ်စု၊ ငါးရစ်ရိုးကျေးရွာ၏ ကျေးရွာရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။