သတင်းများ

ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ အသက်-၁၈နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIEID) ကို ထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသော ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID) ကို ယမန်နေ့က ထိုးနှံပေးကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Feb 22,2022
ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)  တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က  လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့သည် အမှတ်(၂၀)ရပ်ကွက်အတွင်းရှိ အ‌နော်ရထာလမ်းနှင့်‌အထက(၈)ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပလက်ဝမြို့တွင် တစ်နေ့လျှင် 40 Litter Oxygen Cylinder အလုံး (၂၀) ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံဖွင့်ပွဲ အခမ်းအနားပြုလုပ်
Feb 22,2022
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲက တစ်နေ့ လျှင် 40 Litter Cylinder အလုံး ၂၀ ဖြည့်တင်းနိုင်မည့် Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါ စက်ရုံရှေ့၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ရပ်မိရပ်ဖ ဦးဇာနည်နှင့် Oxygen Plant စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ညိုတို့က Oxygen Plant စက်ရုံ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံဆိုင်းဘုတ်အား ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တပ်မမှူးတို့က အမွှေးနံ့သာရည် ပတ်ဖြန်းပေးကာ အမှတ်တရ သစ်ပင်များ စိုက်ပျိုးကြသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက် ရေးနှင့် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၁)ရက့်နေ့မှ စတင်၍ နိုင်ငံ ဝန်ထမ်းများနှင့် ပြည်သူများအားကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အမှတ် (၉) ရပ်ကွက် တက္ကသိုလ်များဆေးရုံ၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိပါသည်။
အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Feb 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ အသက် ၁၂နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံရမည့် ကျောင်းသားကျောင်းသူများကို ယမန်နေ့နေ့လည်က အခြေခံပညာအထက်တန်းကျောင်း ကာကွယ်ဆေးထိုး စုရပ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့သည်။
မြန်မာနိုင်ငံ ကြက်‌‌ခြေနီအသင်းက မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Feb 22,2022
မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နေ့လည် ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Feb 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ​ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က Russia sponik ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၅၀၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။