ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

ဒဂုံတောင်  ဖေဖော််ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် Sputnik -Light အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးလျှက်ရှိကြောင်းသိရှိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိပြည်သူများအား ဦးစားပေးဦးတည်အုပ်စုအလိုက် အသက်(၅၀)နှစ်အထက် ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသော ပြည်သူ များအား ယနေ့နံနက်(၁၀)နာရီမှ (၁၁)နာရီထိ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူ များအား  ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံ တစ်ရာမရှိစေရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သန်းသန်းအေး