ရန်ကင်းမြို့နယ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကင်း ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းသေကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ်ဦစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်အတူ  ဝန်ထမ်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း ၍  အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်) ခြင်းများ ပြုလုပ်ပေးရာတွင်  သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့ လိုက်နာရမည့်စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက် ထားမှု၊ မွေးဖွားသေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး/ ပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီး ဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)