သတင်းများ

တိုက်ကြီးမြို့နယ်အတွင်းရှိ သဘာဝ မြစ်၊ ချောင်း၊ ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်
Jun 04,2021
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝမြစ်ချောင်းရေပြင်များ အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ရွာသာတံတားအနီး လှိုင်မြစ်အတွင်း ကျင်းပပြုလုပ်သည်။
လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းမပေါ်တွင် ဆင်ချီးပန်းချောင်းဖြတ်ကူးတံတားတည်ဆောက်
Jun 04,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ  လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းမပေါ်တွင် ဆင်ချီးပန်းချောင်းဖြတ်ကူးတံတားကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Jun 04,2021
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချဆေးတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးရွာလိုအပ်ချက်များအား ကူညီပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်
Jun 04,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နေ့လည်ပိုင်းက ပါဟုတ် ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။
သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်ပေး
Jun 04,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီခွဲက စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jun 04,2021
စစ်ကိုင်တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဆွေးနွေးပွဲ( Talk Show ) ကျင်းပ
Jun 04,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community   Centre  ခန်းမတွင်    ပန်းခင်းစီမံချက်အကြောင်း  အသိပညာပေး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပကြောင်း သိရသည် ။