ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်‌ဇော်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်တို့သည် ညောင်တုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ‌ရောဂါ စစ်ဆေးရေး

ညောင်တုန်း  ဖေဖော်ဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်‌ဇော်ထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့  မွန်းလွဲ ၁ နာရီအချိန်ခန့်က ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စုရှိ ပန်တိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့မှ ကြိုဆိုခဲ့ကြပြီး စစ်ဆေးရေးဂိတ်တွင်  ကျန်းမာရေးအဖွဲ့နှင့် ဌာနဆိုင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ တိုင်းအတွင်းဝင်ရောက်လာ သူများကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးများအဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကျွန်းသာဝကျေးရွာရှိ ဧရာဝတီတံတား (ညောင်တုန်း) အတက်ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်လျက်ရှိသည့် နေရာသို့ ရောက်ပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနေမှုများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)