ထူးကြီးမြို့စည်ပင်စျေးတွင် စျေးရောင်းသူ၊ စျေးဝယ်သူများအား နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရေး အသိပညာပေး
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှု့ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူစည်ကားရာနေရာဖြစ်သည့် ထူးကြီးမြို့စည်ပင်စျေးအတွင်း၌ စျေးရောင်း၊ စျေးဝယ်သူများ၊ စျေးသူ၊ စျေးသားများအား (Mask)နှာခေါင်းစည်း စနစ်တကျတပ်ဆင်ကာ စျေးရောင်း၊ စျေးဝယ်ကြခြင်း ရှိ/ မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လူစည်ကားချိန်အတွင်း မြို့နယ်စီမံအချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်အမှုဆောင်အရာရှိ၊ မီးသတ်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူး ပါဝင်သောအဖွဲ့က အဆိုပါစျေးအတွင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။