နေပြည်တော် ဇန်နဝါရီ ၆
မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အဆိုပါ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူ များ၊ ဆရာဝန်များနှင့် သူနာပြုများက ကလေးငယ် ၃၀၇ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ၅ မျိုးစပ် ကာကွယ် ဆေးနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ ရောဂါကာကွယ်ဆေးနှင့် ၅ မျိုးစပ်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်