Skip to main content

ကျောက်ကြီးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်းသွယ်(၂)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်ကြီး၊ ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ် စည်ပင်သာရေး အဖွဲ့ပိုင် ဇီဇဝါလမ်းသွယ်(၁)နှင့် ရုံးလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျှက်ရှိသည်။

 လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာနမီနီ ဘတ်ဂျက် (၁၁.၉၃၈) ကျပ်သန်းဖြင့် ဇီဇဝါလမ်းသွယ်(၁) ပေအရှည် (၄၁၀)ပေ၊ အကျယ် (၁၂)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းအားလည်းကောင်း၊ ဌာနမီနီဘတ်ဂျက် (၁၁.၄၄၁) ကျပ်သန်းဖြင့် ရုံးလမ်း ပေအရှည် (၄၆၅)ပေ၊ အကျယ် (၁၀)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အားလည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် မတ်လအတွင်း လုပ်ငန်းများအပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

အဆိုပါလုပ်ငန်းများပြီးသွားပါက ရပ်ကွက်နေဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ သွားလာရေး အဆင်ပြေမည်ဖြစ်ပြီး လူနေမှုဘဝမြင့်မားရန် နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ စီမံဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။

မြို့နယ်ပြန်/ဆက်