Skip to main content

Jan 08, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၂ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၁၃၄ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များရှိ မွေးမြူရေးလုပ်ငန်း ရှင်များနှင့် ပြောင်းချဉ်ဖတ်ထုတ် လုပ်ရောင်းချမည့်ကိစ္စများ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနား ကို ဇန်နဝါရီ ၇ ရက်က နေပြည်တော်ကောင်စီ သမဝါယမဦးစီးဌာန၌ ကျင်းပရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ၊ နေပြည်တော် တိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့်အဖွဲ့ဝင်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ ကို ရေကြောင်း၊ ဆိပ်ကမ်း အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်က ရန်ကုန်ဆိပ်ကမ်းများမှ Stethoscope ၃၀၀၊ Commode Chair ၂၄၈၁ ခု၊ Walker (HOSPITAL USE) ၃၂ ခု၊ ဆေးဝါးမျိုးစုံ ၅၄ မျိုး စုစုပေါင်း ၄၉၉၂၅ ဒသမ ၀၈ kg ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဉီးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်၏ ကျားပါးစပ်ကြီး စခန်းအား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ရယူ၍ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက် ခေတ္တဆုတ်ခွာပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော် က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့သည့်သဝဏ်လွှာတွင် “ မိမိတို့ ပြည်သူပြည်သားများ၏စွမ်းပကားဖြင့် နိုင်ငံတော် တိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ထားသည်။ ပြည်သူ ပြည်သားများ၏ စွမ်းပကားဆိုသည်မှာ ကာယအား၊ ဉာဏအားအသိဉာဏ်ပညာကို အခြေခံသည့်အားဖြစ်သည်။ ထိုပြည်သူပြည်သားများ၏ အသိဉာဏ်ပညာစွမ်းပကားဖြင့် မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်း တည်ဆောက်ကြ ဖို့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်းကျော်ကျော်ခန့် တွင်သာရှိနေပြီး ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုအနေဖြင့် ၅၃၀၀၀၀ ကျော်သာရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုက လွှမ်းမိုးလျက်ရှိရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုမှာ တစ်နေ့တည်းတွင် ၁ သန်းခန့်ရှိကြောင်း သတင်းများက မိမိတို့အနေဖြင့်လည်း သတိပြုဖွယ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ အချို့တွင် အိုမီခရွန်ကူးစက်ခံရသူအချို့ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်ထားသည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်