နေပြည်တော် ဇန်နဝါရီ ၆
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ပထမဆုရ “ရန်ကုန်ဌေးဇော်” ရေးသားသည့် “အသက်ရှည်ပါရေ” စာအုပ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိစာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။
စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြသည်။
သတင်းစဉ်