Skip to main content

တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရန်ကုန်  ဇန်နဝါရီ  

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေးအခက် အခဲရှိသောပြည်သူများထံအခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်း ခြင်းအစီအစဉ်ကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်) မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့်ကျောင်းနှင့် ဂေဟာတို့အား ဆန်၊ ဆီနှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် Bank of China (Hong Kong) လီမိတက် ရန်ကုန်ဘဏ်မှ ကူညီထောက်ပံ့မှုဖြင့် နိုဝင်ဘာ ၂၂ ရက်က အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်ရှိ အဘွား ၂၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းရှိ ကလေးငယ် ၆၀၊ ဒီဇင်ဘာ ၂၉ ရက်တွင် မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိလူငယ် ၆၀ စုစုပေါင်း ၁၄ဝ တို့အား တစ်ဦးလျှင် ဆန် ၁၀ ကီလိုဂရမ်၊ ဆီတစ်လီတာနှင့် ပဲတစ်ကီလိုဂရမ် တို့ကို ပေးအပ်လှူဒါန်းရာ သက် ဆိုင်ရာကျောင်း၊ ဂေဟာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုဝင်ဘာလအတွင်း စားသောက်ရေးအခက်အခဲရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်မှ အိမ်ထောင်စု ၁၀၀၀ နှင့် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု ၁၀၀၀ စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ တို့အား ဆန်၊ ဆီနှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း(CFPA) (ရန်ကုန်ရုံးခွဲ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သုတ