Apr 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့နယ်အတွင်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းနှင့်ရေခဲစက်ရုံကို သွားရောက်ကြည့်ရှုကြသည်။
Apr 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ နိုင်ငံသံအမတ်ကြီး H.E.Ms. Andrea Marie Faulkner ဦးဆောင် သောအဖွဲ့အား ဧပြီ ၇ ရက် ညနေ ၄ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
Apr 08, 2022
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကြီး(ဗဟို)က မြန်မာပြည်တစ်ဝန်း ၃၈ ဖြာ မင်္ဂလာတရား အစဉ် ပြန့်ပွားရေးအတွက် နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးထံမှ သြဝါဒခံယူ ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား ရာဟုထောင့်ရှိ YMBA အသင်းရုံး၌ ကျင်းပသည်။
Apr 08, 2022
မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံရေးအယူအဆ ကွဲပြားမှု၊ လူမျိုးရေး အစွန်းရောက်မှု၊ ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှု၊ ဝင်ရောက်စွက်ဖက် ကျူးကျော်မှုများကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ပါသည်။
Apr 08, 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆီထွက်သီးနှံ မျိုးစေ့ ထုတ်လုပ်ခြင်း၊ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ စားသုံးဆီအမျိုးမျိုး ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေး၍ ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝို၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 07, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်”မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Apr 07, 2022
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်လျှောက်ထားမှုများကိုစိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိပါသည်။
Apr 07, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထား ဆောင် ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။