Apr 13, 2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကို မြန်မာသက္ကရာစ် ၁၃၈၃ ခုနစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
Apr 13, 2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို မဟာသင်္ကြန်အကြိုနေ့ ယနံနက် ၈ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
Apr 13, 2022
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ရာ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
Apr 13, 2022
၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲ တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုလာမည့် နှစ်သစ်တွင် ခွန်အားသစ်များဖြင့် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
Apr 13, 2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကမ်းနားလမ်းနှင့် ယခင်ညဈေးတန်းလမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ရာ ယမန်နေ့ ညနေပိုင်းက အဆိုပါမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်မှုများနှင့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်ချက်များ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
Apr 13, 2022
၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပရာ သင်္ကြန်ချစ် ပြည်သူများလာရောက်ရေကစားကြသည်။
Apr 13, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မင်းပြားမြို့လူမှုရေးအသင်း၊ အဖွဲ့များ ပူးပေါင်း ပြီး ယမန်နေ့က ရခိုင်ရိုးရာစဉ်လာမပျက် နံ့သာသွေးပြိုင်ပွဲကို မင်းပြားမြို့ ပြည်လုံးချမ်းသာ ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Apr 13, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသော (၁၈)ကြိမ်မြောက် မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကို ယမန်နေ့ ညနေ(၇)နာရီအ ချိန်က တရုတ်တန်းရပ်ကွက်ရှိ မြို့မဓမ္မာရှေ့၌ ကျင်းပသည်။
Apr 13, 2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ) အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ဗဟိုလ်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Apr 13, 2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးမှုဖြင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မန္တလေး ရတနာပုံဥယျာဉ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးနှင့် ကျုံးရေပြင် အကြားရှိ ရတနာပုံ ဥယျာဉ်မုခ်ဦးတွင် ကျင်းပသည်။