ကျောက်ဖြူမြို့တွင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲအား ရိုးရာအစဉ်အလာမပျက်ကျင်းပ
Apr 13, 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားအား ယနေ့နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သည်။
Apr 13, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနက ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် အမ်းမြို့နယ်၌ တောင်သရက်ခွဲ သား ၂ ဒသမ ၀၅၇၈ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၄၄၀၄၆ ကျပ်)ကို လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် တောင်ကုတ်မြို့နယ်၌ သင်ပုန်းခွဲသား ၄ ဒသမ ၃၃၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၃၈၀)ကို လည်းကောင်း စုစုပေါင်းသစ်မျိုးစုံ ၆ ဒသမ ၃၉၁၈ တန် (ခန့်မှန်း တန်ဖိုးငွေ ၄၄၇၄၂၆ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
Apr 13, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Apr 13, 2022
အမျိုးသမီးများကိုတရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာငွေကြေး အကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
Apr 13, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အဓိကကျသော လုပ်ငန်းစဉ် တစ်ရပ်တွင် ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Apr 13, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲကို ယနေ့ညနေ ၆ နာရီခွဲက နေပြည်တော် ရုံးအမှတ် (၃၈) ရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။