Apr 14, 2022
သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ပွဲတော်များတွင်နှစ်ဦးတွင်အစောဆုံး ကျင်းပသောပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသောပွဲတော်ဖြစ်သည့် အတွက်ထူးခြားလှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပာယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန်ဟုလည်း ခေါ်သည်။ အတာသည်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။နှစ်ဟောင်းမှ အညစ်အကြေးများကိုရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီအပူများကို အေးမြစေကြောင်း ရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။
Apr 14, 2022
ယနေ့သည် မဟာသင်္ကြန်အကျနေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့သည် နှစ်တစ်နှစ်ကုန်ဆုံးသည့် နှစ်ဟောင်းကာလမှ နှစ်သစ်ကာလသို့ ကူးပြောင်းနေသည့် အခါသမယဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောကြသည့် အစဉ်အလာ ရေသဘင်ပွဲတော်နှင့် နှစ်သစ်ကူးပြောင်းသည့်ကာလတွင် ကောင်းမှု ကုသိုလ်များ အထူးပွားများကြခြင်းသည် မဟာသင်္ကြန်၏ အနှစ်သာရဖြစ်သည်။
Apr 13, 2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလာဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
Apr 13, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 13, 2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန မိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာမဟာသင်္ကြန်အတာရေ သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Apr 13, 2022
မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်းကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သည်။
Apr 13, 2022
မြန်မာလူမျိုး၊ တိုင်းရင်းသားများသည် နှစ်သစ်အတာသင်္ကြန် မင်္ဂလာအခါ သမယတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို လှူဒါန်းပေးသည့် ဆွမ်း၊ ကွမ်းဝေယျာဝစ္စများ၊ ဘုရားကျောင်းကန်များသို့ သွားရောက်ကုသိုလ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသည့် ရိုးရာယဉ်ကျေးမှု ဓလေ့၊ ထုံတမ်းအစဉ်အလာများရှိရာ ယနေ့ ၁၃၈၃ ခုနှစ်၊ နှောင်းတန်ခူးလဆန်း၊ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြို မင်္ဂလာရက်နေ့တွင် သံဃာတော်များအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား ကြက်သွန်များကို ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီ (ရဲကျောင်း) စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 13, 2022
ရန်ကုန်တိုင်းဒေသကြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပါဝင်ကျင်းပသည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Apr 13, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။