Skip to main content

Aug 18, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့ အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံ သမိုင်းပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ အခြေခံပညာနှင့် တက္ကသိုလ်အဆင့်တို့တွင် တက်ရောက်ပညာ သင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီးများတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

အိန္ဒိယနိုင်ငံအစိုးရက ယနေ့တွင် 3rd voice of Global South Summit ညီလာခံကို “An Empo-wered Global South for a Sustainable Future” ခေါင်းစဉ်ဖြင့်ကျင်းပရာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီ Shri Narendra Modi တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အဆိုပါညီလာခံ၏ ကျန်းမာရေးဝန်ကြီးများ ဆွေးနွေးပွဲကို “One World, One Health” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Video Conferencing စနစ်ဖြင့် တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့သည် ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ကျင်းပသည့် Seminar On ASEAN-China Forum for Peaceful Use of Nuclear Technology သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ ကူဘင်ကာဒေသတွင်ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (International Military Technical Forum)(ARMY-2024) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံရုံးမှစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်အမျိုးမျိုး စုပြုံတန်းစီတိုးနေသည့် မြင်ကွင်းများကို နေ့စဉ်တွေ့မြင်နေရသည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ထိုကဲ့သို့ စုပြုံတန်းစီသည့်အဖြစ်မျိုး ရှိခဲ့ဖူးသည်။ မော်တော်ယာဉ်ကြီးငယ်အမျိုးမျိုး သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင်ရှိနေပြီး အခြားမြို့ကြီးများတွင်လည်း ယာဉ်အမြောက်အမြားရှိနေသဖြင့် စက်သုံးဆီကိစ္စသာမက ယာဉ်နှင့်လမ်းဆိုင်ရာတို့တွင်ပါ စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2024

(၁၀) နှစ်လျှင်တစ်ကြိမ်ကောက်ယူရမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော်ခန့်သာ အချိန်ကျန်ရှိနေပြီဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁) ကြိုတင်ပြင်ဆင်ခြင်း၊ (၂) စာရင်း ကောက်ယူခြင်း၊ (၃) စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်း၊ (၄) အစီအရင်ခံစာထုတ်ပြန်ခြင်းဟူသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ လပေါင်းများစွာဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများပြီးဆုံးရန် နီးကပ်လာချိန်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့ သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၂၄၉၀ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်