Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ကလောမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးရေနစ်မြုပ်ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ပြုပြင်ဆောင်ရွက်ရေးကိစ္စများ မှာကြားသည်။

ထို့နောက် ရုံးအတွင်းရေဝင်မှုကြောင့် တင်ကျန်ရစ်သောနုန်းမြေများ၊ အမှိုက်သရိုက်များ ရှင်းလင်းပေးနေသည့် နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာရပ်ကွက်များမှ စေတနာရှင်လုပ်အားပေးအဖွဲ့များအား တွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအား တွေ့ဆုံအားပေး၍ ဆက်လက်ဆောင်ရွက်ရန်များ မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ရေဘေးကယ်ဆယ်ရေးစခန်း

ထို့နောက် နယ်မြေခံတပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြို့မဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကာ ရေဘေးသင့်မိသားစုများအား တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

သတင်းစဉ်