ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူများ ဆက်သွယ်ရေးလွယ်ကူ အဆင်ပြေချောမွေ့စေရန် အခမဲ့ဖုန်းပြောဆိုခွင့်နှင့် အခမဲ့စာတိုပေးပို့အသုံးပြုခွင့်ကို စက်တင်ဘာ ၁၃ ရက်မှစတင်၍ ခုနစ်ရက်အထိ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါထပ်မံ၍ ရေဘေးသင့်ဒေသများမှ ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၇၀၀) တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ အက်တမ်မြန်မာလီမိတက် (ATOM) မှ မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၃၀၀)နှင့် အခမဲ့စာတို ပေးပို့ခွင့်အစောင်(၃၀၀)တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ၊ အူရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်း ဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၁,၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၁,၀၀၀) တို့အား စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အသုံးပြုခွင့်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန