ပျော်ဘွယ် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပျော်ဘွယ်မြို့နယ်အတွင်း ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် (၁၁) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာကြီးဦးကြည်စိန်က တိုင်းဒေသကြီးပညာရေးမှူးရုံးအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် မြို့နယ်များအတွက်လှူဒါန်းပေးခဲ့သည့်အခြေအနေများ၊ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အားငယ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဆရာကြီးဦးကြည်စိန်နှင့်တာဝန်ရှိသူများက ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ်(၆၄)သိန်း၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများ၊ ဆန်၊ သောက်ရေသန့်နှင့် ရိက္ခာခြောက်များ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စန်းဦးနှင့် သက်ဆိုင်ရာကျောင်းများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)