Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University-WYTU)သို့ ရောက်ရှိပြီး တည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ Master Plan ရေးဆွဲ ထားမှုအခြေအနေ၊ စာသင်ဆောင်များ၊ အားကစားပြုလုပ်ရာနေရာများ၊ အပန်းဖြေရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ရပ်နားရန်နေရာများနှင့် Drainage System ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ပင်မသုံးထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းနှင့် Multipurpose Hall Structure System တို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ အတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်းများဆောင်ရွက် ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းကလည်း အစိုးရနည်းပညာအထက်တန်း ကျောင်း(ရွာမ)တွင် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အခက်အခဲလိုအပ်ချက်တင်ပြမှုများ အပေါ် ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် သက်မွေးပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ MSME များ ဖွံ့ဖြိုးရေးအတွက် ခေတ်မီနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်သည့် စက်မှုကုန်ထုတ်ပညာရှင်များဖြစ်စေရေး အလေးထားလေ့ကျင့်သင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်