Skip to main content

Aug 18, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၈ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသူအား လာရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါ - မလိခ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစီအစဉ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

မဲအန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း/ခရိုင် ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင် က “လာမည့်နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲ တစ်စုံတစ်ရာမရှိစေဘဲ အောင်မြင်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဒီလုပ်ငန်း အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါကြောင်း၊ သို့အတွက် အဖွဲ့အစည်းများ အားလုံးက လုပ်ငန်းအောင်မြင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုကြောင်းနှင့် တိုင်းဒေသကြီး အစိုးရကလည်း လိုအပ်သည်များ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသာ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသာ

ဆက်လက်ဖတ်ရှုရန်

Aug 18, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်