Skip to main content

Aug 20, 2020

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်ကျင်းပနေပြီ ဖြစ်သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ငြိမ်းချမ်းရေးကို ဦးထိပ်ထားသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရှေ့သို့ဆက်လှမ်းနိုင်ရန် အားလုံးကြိုးပမ်းဆောင်ရွက်နေကြပြီ။ (၂၁)ရာစု ပင်လုံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို အားလုံးသဘောတူညီကြသည်။ ရှေ့မတိုး၊ နောက်မဆုတ် အနေအထားဖြင့် လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် တစ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရဦးမည့် အချက်များနှင့်ပတ်သက်၍ မကြာမီကာလ တွင် ပြေလည်အောင်မြင်သွား လိမ့်မည်ဟု ရှုမြင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2020

ငြိမ်းချမ်းရေးသည် တောင့်တအပ်၏။ မြတ်နိုးတန်ဖိုးထားမှုလည်း ရှိအပ်၏။ သို့သော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားတွင် အကန့်အသတ် များဖြင့် တည်ဆောက်နေရသည်ဖြစ်ရာ မြန်မာနိုင်ငံအဖို့ အလွယ်တကူ ရောက်ရှိနိုင်သည့် ပန်းတိုင်တစ်ခု မဟုတ်ကဲ့သို့ ဖြစ်နေ၏။ အမှန်မှာ မရောက်နိုင်လောက် အောင် ဝေးကွာလှသော ပန်းတိုင်လည်း မဟုတ်ပါချေ။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – 2)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

၁။ (၁၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၆၀) ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခုနှင့် - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၀၈) ခု၊ - စုစုပေါင်း (၁,၀၀၅) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးတွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

(၂၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူးအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီ က Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2020

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်