Aug 29, 2020
ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ က ရောဂါကာကွယ် ကုသရေးပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့သည်။
Aug 29, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပ အစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစား ဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 29, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃၉ ဦးအား မြန်မာအမျိုးသား လေကြောင်း(MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြ သည်။
Aug 29, 2020
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့ -မွန်းလွဲ ၃ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာထမ်းငယ်များ အရည်အသွေး မြင့်မားစေရေးအတွက် The Asia Foundation a posle: စီစဉ်ဖွင့်လှစ်သည့် စကားပြန်သင်တန်း အမှတ်စဉ်(၄/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
Aug 29, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင် ကျင်းပသည်။
Aug 29, 2020
၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၃၂)ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၈၅)ခု၊
Aug 29, 2020
“အာရောဂျီ၊ ပရမံ၊ လာဘီ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်း လာဘ်ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိထားပါမှ လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ပါမှ အကျိုးကြီးမားသော ဆုလာဘ်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုလျှင် အနာရောဂါ ကင်းဝေးအောင် နေထိုင်နိုင်ပါမှ ကျန်းမာချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။
Aug 29, 2020
စစ်တွေမြို့မှ စတင်ကာ တစ်ကျော့ပြန် ကူးစက်ပြန့်ပွားလာနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုသည် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။
Aug 28, 2020
၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု
Aug 28, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-19 အား ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ Video conferencing စနစ်ဖြင့် ဆွေးနွေးပွဲသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။