Skip to main content

COVID-19ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ (၁၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၆) ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၂) ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၈) ခု၊
- စုစုပေါင်း (၆၅၆) ခုအား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။

၂။ (၁၇-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၇၆) ဦး ရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂)ဦး (Case-337 နှင့် 356) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၁) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၂၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၅။ (၁၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၇-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၆) ဦးရှိပါသည်။

၆။ ယမန့်နေ့က တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အမှတ် (Case - 375) နှင့် ထိတွေ့မှုရှိခဲ့သူ စစ်တွေမြို့မှ (၅၁) ဦးနှင့် ကျောက်ဖြူမြို့မှ (၃၃) ဦး၊ စုစုပေါင်း (၈၄) ဦးထံမှ ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဓာတ်ခွဲနမူနာများသည် ယနေ့၊ ညနေ (၆) နာရီခန့်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲဆိုင်ရာဌာန (NHL) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဓာတ်ခွဲနမူနာများကို ယခုလက်ရှိတွင် စစ်ဆေးလျက်ရှိပါသည်။

#Ministry_of_Health_and_Sports