Skip to main content

မဲအန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း/ခရိုင် ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ပုသိမ်  ဩဂုတ် ၁၈

မဲအန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း/ခရိုင် ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ() ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင် က လာမည့်နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲ တစ်စုံတစ်ရာမရှိစေဘဲ အောင်မြင်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဒီလုပ်ငန်း အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါကြောင်း၊ သို့အတွက် အဖွဲ့အစည်းများ အားလုံးက လုပ်ငန်းအောင်မြင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုကြောင်းနှင့် တိုင်းဒေသကြီး အစိုးရကလည်း လိုအပ်သည်များ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းအမှာစကား ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက မဲဆန္ဒရှင်စာရင်းများ ကောက်ယူမှု အခြေအနေများကို လည်းကောင်း  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး     ဦးသန်းဆွေဝင်းက တိုင်းဒေသကြီးအတွင်း ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများအကြောင်းကို     PowerPointဖြင့် လည်းကောင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအတွက် ပံ့ပိုးကူညီပေးရမည့် ကိစ္စများကို လည်းကောင်းရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက အသီးသီး ဆွေးနွေးခဲ့ကြသည်။

တိုင်းဒေသကြီးအတွင်း မြို့နယ်၂၆ မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွားပေါင်း ၂၂၂၂ ရှိပြီး မဲရုံအရေအတွက် ၅၇၄၁ ရုံ၌ အခြေခံမဲဆန္ဒရှင် စာရင်းအရ လူဦးရေ ၄၄၄၁၆၉၆ ဦး ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ စာရင်းအရ သိရသည်။

ကိုတွတ် (ပြန်/ဆက်)