ပွင့်ဖြူ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၈ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသူအား လာရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
အဆိုပါ (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသူမှာ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ အဖ ဦးဇော်မိုး ၊ အမိ ဒေါ်ယဉ်နွဲ့ တို့မှ မွေးဖွားသော အငယ်ဆုံးသမီးဖြစ်ကြောင်း သိရကာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်း (ပညာရဲရင့် ကိုယ်ပိုင်အထက်တန်းကျောင်း)၌ တက်ရောက်သင်ကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲအား ခုံအမှတ် ဖင ဋ - ၄၁၉ ဖြင့် ဝင်ရောက် ဖြေဆိုရာ (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသူ မအိသက်မိုး အား ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )