Aug 15, 2020
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးခရီးကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေရဆဲဖြစ်သည်။ ပြည်သူ့အစိုးရ နိုင်ငံတော်ကိုတာဝန်ယူသောကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် အဓိကကျသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးကို သုံးကြိမ်ကျင်းပနိုင်ခဲ့သည်။ မကြာမီရက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္တအစည်းအဝေးကို ထပ်မံကျင်းပတော့မည်ဖြစ်သည်။
Aug 15, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၃၇ဝ ကျော်ရှိလာသည့်အချိန် ကမ္ဘာတွင် ရောဂါကူးစက်ပြန့်ပွားမှုက အရှိန်မြင့်မားနေဆဲဖြစ်သည်။ မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှာ ဓာတ်ခွဲ အတည်ပြုလူနာ နှစ်သန်းခွဲခန့်ရှိလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် ထိပ်ပိုင်းသို့ ရောက်လာနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည်ဖြစ်သော်လည်း စိတ်ချ၍မရသေးသလို ပေါ့ဆ၍လည်း မရသေး။
အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
Aug 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၂)ဦးအား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Aug 14, 2020
မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ကျင်းပသည်။
Aug 14, 2020
၁။ (၁၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 14, 2020
အစိုးရ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ၌ ကျင်းပသည်။
Aug 14, 2020
ရှမ်းပြည်နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲ ၂ နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Aug 14, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တာဝန်ရှိသူများ သည် ရေတာရှည်မြို့၊ အ.ထ.က၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော မူလွန်-စိမ့်ရွာကျောင်းဆောင် အပြီးသတ် ဆောက်လုပ်နိုင်ရေးနှင့် ကျေးရွာမီးလင်းရေး အတွက် အလှူငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
Aug 14, 2020
ရမည်းသင်းမြို့နယ် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက် ရမည်းသင်း ဩဂုတ် ၁၄ ဇော်ဝင်းအောင်