Skip to main content

Sep 21, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်‌နေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ညွန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်​ (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အတူ ယမန့်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက်တွင် ယမန်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က စစ်တောင်းမြစ်ဒီရေ ရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့်အတူ မိသားစုဝင် ၃ ဦးတို့မျောပါသွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်တာဝန်ရှိသူတို့က ယင်းနေ့၊ နံနက်(၁၁)နာရီအချိန်ခန့်က သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားပြီး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု ယခုနှစ် ဩဂုတ်လမှစ၍ ရုတ်တရက်တိုးပွားလာခဲ့ရာ ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယား နိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) က အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ တန်ဖိုးရှိ Portable X-ray စက်ငါးလုံးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးအတိုင်ပင်ခံ ဦးသော်တာက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်စည်းရုံးရေးမှူး မညန်းစန်ကျိန်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ‌ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ တောင်တရုတ် ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း နို(လ်)သည် ကုန်းတွင်းမုန်တိုင်းအဖြစ် သို့ အားလျော့သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူသုံးဦးသေဆုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 21, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၀ အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှစီစဉ်သည့် China Airlines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်