Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ပစ္စည်းများ ပေးအပ်

ထန်းတပင် (ပဲခူး) စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်‌နေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူခရိုင်  ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ် မဲဘလန်ကျေးရွာအုပ်စု၊ မဲဘလန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းပြီး မဲဘလန်ကျေးရွာ၊ မိချောင်းခေါင်းကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာများတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်သည်။

ယင်းနောက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်၌ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များက ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)