Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဘီးလင်း   စက်တင်ဘာ   ၂၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အတူ ယမန့်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးလှထွဋ်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးလှမြင့်လေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမိုးကျော်သူ နှင့် လူမှူကူညီကယ်ဆယ်ရေးအဖွဲ့တို့ နှင့်တွေ့ဆုံကာလက်ရှိဖြစ်ပေါ်နေသော ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုအ​ခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိ သူများကလည်း မိမိတို့ဌာနအလိုက်ဆောင်ရွက် ထားရှိမှု အ​ခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် အတူ ရွှေလှေကျေးရွာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် CBFQ သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်းသိရသည်။

ထူးနောင်(ပြန်ဆက်)