Sep 22, 2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်း နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုခရိုင်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးအား ပေး စကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 22, 2020
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
Sep 22, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်များ ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က လားရှိုးမြို့ အစိုးရနည်းပညာ ကောလိပ်ကျောင်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့ မှ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စု ၊ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်း ကျေးရွာ၊ မန်ကုန်းကျေးရွာ၊ နမ့်နွမ်း ကျေးရွာ၊ကွန်လွိုင်ကျေးရွာ၊ကောင်းအိုင်ကျေးရွာ များရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ နှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်း ဖြစ်သည့် mask(၁၅၀၀) Hand Gel (၅) ဘူး တို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Sep 22, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့် အတူ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့နှင့် တွေ့ဆုံခဲကြောင်း သိရသည်။
Sep 22, 2020
ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 22, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်/မြို့နယ် Covid-19ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့နှင့် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျောက်မဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။
Sep 22, 2020
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) (MITT)က မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဆိပ်ကမ်း အင်ဂျင်နီယာဘာသာရပ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါတက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 22, 2020
အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးထွန်းဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 22, 2020
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်နုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 22, 2020
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။