Oct 01, 2020
အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်ဖြစ်စေ၊ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်စေ ၎င်းတို့ကြားတွင် ဖြစ်လေ့ ရှိသည့် ရည်ရွယ်ချက်ရှိရှိနှင့်ပြုလုပ်သော အကြမ်းဖက်မှုကို ဆိုလိုပါသည်။ အိမ်တွင်း အကြမ်းဖက်မှုသည် အသေး အမွှားလေးများမှ အစပြုပြီး ကြီးကြီးမားမား ဒုစရိုက်မှုပုံသဏ္ဌာန် မျိုးအထိ ဖြစ်လာတတ်သည်ကို တွေ့ရ သည်။ သို့သော် နယ်ပယ်အသိုက်အဝန်းတိုင်း၊ အိမ်တိုင်းအိမ်တိုင်း တော့ မဟုတ်ပေ။ အချို့ မိသားစုအိမ်တွင်း၌ ဖြစ်တတ်ကြသည်။
Sep 30, 2020
(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
(၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၂၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိရပါသည်။
Sep 30, 2020
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေး လုပ်ငန်း အစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 30, 2020
UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ပံ့ပိုးမှု အခြေအနေ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလ သားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အတွက် (၂၀၂၁-၂၀၂၃) ခုနှစ် အထိ သဘောတူညီ ချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့် စပ်လျဉ်းသည့် ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 30, 2020
Information Matrix က ကြီးမှူးကျင်းပသော ခေတ်မီ လူထုဆက်သွယ်ရေးနည်းလမ်းများ သရုပ်ပြ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲ တမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင် နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ ချိတ်ဆက် ပါဝင် တက်ရောက်ကြပြီး Information Martrix နှင့် Sprinklr မှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များက သက်ဆိုင်ရာ နေရာ များမှ ချိတ်ဆက်တက်ရောက်ကြသည်။
Sep 30, 2020
မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးနှီးနှော ဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပ သည်။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Sep 30, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၃) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Sep 30, 2020
တကယ်ပါခင်ဗျာ- စာရေးသူရဲ့ရင်ထဲမှာ မျိုသိပ်မထားနိုင်တော့လို့ ရင်ဖွင့်ချီးကျူးရေးသားဂုဏ်ပြုပါရစေ။
Sep 30, 2020
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးရှိ ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ် ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင် ပေးခြင်း၊ ဝန်ထမ်းများလိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်မျ